လယ်ဝေးမြို့နယ်၌ Quick Win အစီအမံ (၅)ရပ်အား တိကျစွာလိုက်နာ​ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

လယ်ဝေး သြဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများ Quick Win အစီအမံ(၅)ရပ်အား တိကျစွာလိုက်နာစေရေးအတွက် အသိပညာပေးခြင်းများ ကို ယမန်နေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများနှင့် သီရိရတနာဈေးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဉီး​မြင့်ဆောင် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မထသမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သည့်အဖွဲ့မှ မော်တော်ယာဉ်မောင်းနှင်သူပြည်သူများ၊ ဝန်ထမ်းများ (Quick Win)အစီအမံ (၅)ရပ်အား တိကျစွာ လိုက်နာဆောင်ရွက်စေရေးအတွက် လယ်ဝေးမြို့၊ သီရိရတနာဈေးအနီး၊ရန်-မန်း ကားလမ်း၊ ရွှေလဝန်းသွားဆေးခန်းရှေ့တွင် အသိပညာပေး လက်ကမ်းစာစောင် ၁၅၀၊ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် အသိပညာပေးလက်ကမ်းစာစောင် ၁၅၀၊ အေလာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းဆုံတွင် အသိပညာပေးလက်ကမ်း စာစောင် ၂၀၀နှင့် သာဝတ္တိကျေးရွာအုပ်စု၊ စစ်ဆေးရေးဂိတ်အဟောင်းနေရာတွင် အသိပညာပေးလက်ကမ်း စာစောင်၂၀၀၊ စုစုပေါင်း အသိပညာပေးလက်ကမ်းစာစောင် ၇၀၀ အား မော်တော်ယာဉ်မောင်းနှင်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝေကြည်(ပြန်/ဆက်)