ရမည်းသင်းမြို့နယ်၌ ခေတ်မီစံပြကျေးရွာ ဖော်ဆောင်ကာ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း သီးနှံအခြေခံ ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့် ပွဲကျင်းပ

ရမည်းသင်း ဩဂုတ် ၁၅

မန္တလေးတိုင်ဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းဖြင့် ခေတ်မီစံပြကျေးရွာဖော်ဆောင်ကာ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း သီးနှံအခြေခံ(ဝိုင်၊ဖျော်ရည်၊ယို၊ဂျယ်လီ အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာ သစ္စာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက သီးနှံအဓိက စိုက်ပျိုးသည့် ရွာတန်းကျေးရွာအုပ်စုရှိ ကျေးလက်နေတောင်သူများ၏ အကျိုးစီးပွား တိုးတက်စေရန် သီးနှံမှတစ်ဆင့် အသေးစား၊ သီးနှံစားသောက်ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပြီး မိသားစုင်ငွေ  တိုးပွားစေရန် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်းကြားရေးမှူး ဦးနေမျိုးအောင်က နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ကို အကောင်းအထည်ဖော်ဆောင်၍ အသေးစားစက်မှုလက် မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း၏ အသေးစားလုပ်ငန်းရှင်(၅)ဦး ထွက်ပေါ်လာရေး စီမံကိန်းနှင့် အသေးစား၊ သီးနှံစားသောက်ကုန်လုပ်ငန်းများ ဖန်းတီးရေး စီမံကိန်းရာထားချက်များ၊ ကျေးရွာတစ်ရွာထွက်ကုန်တစ်ခုထွက်ရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး စသည်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဦးစံထွန်းက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်း တာဝန်ကို ပေးအပ်ရာ ကျေးရွာစီမံကိန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်မှ လက်ခံရယူသည်။ အဆိုပါ သီးနှံအခြေခံ ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ပြီး ဩဂုတ်(၁၄)ရက် မှ(၂၀)ရက်ထိ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)