၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရွှေတောင် ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က ( ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်က ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သွားနှင့်ခံတွင်း ဦးစီးအရာရှိ ဒေါက်တာရဲမြင့်စိုးက သွားနှင့်ခံတွင်း သန့်ရှင်းရေး အကြောင်း၊ မြို့နယ်အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခင်မာစမ်းက သံချဆေးတိုက်ကျွေးရခြင်းအကြောင်း၊ မြို့နယ်အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကေသီက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါအကြောင်း စသည့်တို့ကို ကျောင်းသား/ ကျောင်းသူလေးများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန် /ဆက်)