ကျောက်တံတား ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမ ခြယ်မှုန်းသီ၏ ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါးဝတ္ထုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန် ၁၁ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံတားမြို့နယ်ရုံး၊ ပညာအလင်းခေတ်မီစာကြည့်တိုက်၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေက အမှာစကားပြောကြားပြီးနောက် စာရေးဆရာ ကျော်ဇင်ဝင်း(မရမ်းကုန်း)နှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ ဥက္ကဋ္ဌ ညွန့်ညွန့်(ကလော)တို့က မုဒိတာစကားများပြောကြားကြသည်။
ထို့နောက် စာရေးဆရာမခြယ်မှုန်းသီက ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါးဝတ္ထုများစာအုပ်မှ တေးသီဆိုတဲ့သမီးလေးအက်ဆေးအား ဆွေးနွေးပြီးနောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာပေဝါသနာရှင်များမှ အက်ဆေးပါအကြောင်းအရာများနှင့်ပတ်သက်၍ ထပ်မံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအခမ်းအနားသို့ စာပေချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လေအန်ကုန်းစာပေရပ်ဝန်းမှ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်