မြစ်သား ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ နွားကူးကြီးကျေးရွာအုပ်စု၊ မောင်းကွေးကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေသုံးသိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေ၊ မြစ်သားမြို့နယ် စီမံကိန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာအေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်၊ မြစ်သားမြို့နယ်၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ ပန်းလောင်မြစ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ငါးမျိုးကောင်း၊ မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ နွားကူးကြီး ကျေးရွာအုပ်စု၊ မောင်းကွေးအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ရွှေဝါငါးကြင်းငါးကောင်ရေ တစ်သိန်းငါး သောင်းနှင့် ငါးမြစ်ချင်းငါးကောင်ရေ တစ်သိန်းငါးသောင်းစုစုပေါင်း ငါးကောင်ရေသုံးသိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)