ကျိုင်းတုံ ဇွန် ၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နာယက ဦးစိုင်းဆမ်တစ်နှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့် ပြည်သူများ အားလပ်ချိန်များတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးမျှဝေနိုင်ရေး စာအုပ်စာစောင်ချစ်မြတ်နိုးသူအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့၊ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားသည့် ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးကျင်းပရာ စာဖတ်ဝိုင်းတက်ရောက်လာကြသည့် အထက(ခွဲ) အလက(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)