စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (အမျိုးသား) အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနက ကြီးမှူးဖွင့်လှစ်သည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (အမျိုးသား) အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပသည်။

လွိုင်လင်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၉:၃၀) နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရ သည်။

ပုသိမ်မြို့တွင်ပုသိမ်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက သလပ်ခွာကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင်အတွင်း၂၀၂၃-၂၀၂၄ ခုနှစ် နေကြာစိုက်ပျိုးရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ခုနှစ် အတွက် ခရိုင်အတွင်း ရှိ တောင်သူများအား နေကြာစိုက်ပျိုးရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ နေရာတွင် ကျင်းပပြုလုပ်ခဲ့ သည်။

မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစကားသင် ဆရာဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲပြီးမြောက်ကြောင်းနှင့် လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် ဆွေးနွေးပွဲပြီးမြောက်ကြောင်းနှင့် လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းငါးလုပ်ငန်းဦးစီးဌာနမှ  ဒုတိယအကြိမ်(၂)လက်မအရွယ် ငါးသားပေါက်များ(၈၄၄၀၀)ကောင်ရေအား ငါးမွေးမြူတောင်သူများထံသို့ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဟုမ္မလင်းငါးကန်အတွင်းသို့ ဒုတိယအကြိမ် (၂)လက်မအရွယ် ငါးသားပေါက်များ (၈၄၄၀၀)ကောင်ရေအား ငါးမွေးမြူ တောင်သူထံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊နံနက်(၁၀)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာ အုပ်စု၊ အောင်သာငြိမ်းကျေးရွာငါးလုပ်ငန်းစခန်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

မွေးမြူရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ကူးစက်ရောဂါမဖြစ်ပွားရေး ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တပိုင်တနိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to