သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီမှ အင်းလေလံအောင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီမှ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြည်အေးခန်းမ၌ အင်းလေလံအောင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။