လွိုင်လင်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

လွိုင်လင် ဩဂုတ် ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၉:၃၀) နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရ သည်။

အစီအစဉ်အရ ရှေးဦးစွာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်က ကျေးရွာဖွံ့ဖြိုးတိူတက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မိမိတို့ ဌာန၏ ဆောင်ရွက်ပေးနေမှုများကို ကိုလည်းကောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်က စီမံကိန်း (VDP)ကျေးရွာများသို့ လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်း ခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီးနောက် စာချုပ်နှင့် ရန်ပုံငွေများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ ကျေးရွာစီမံကိန်းဥက္ကဋ္ဌများက လက်ခံရယူကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့ အခမ်းအနားတွင် ကျေးရွာဖွံ့ဖြိူတိုးတက်ရေးလုပ်ငန်းစီမံကိန်း ( VDP ) ရန်ပုံငွေများကို လွိုင်လင်မြို့နယ်အတွင်းရှိ လွယ်မွတ်ကျေးရွာ၊ ထန်မြားကျေးရွာ၊ ဒုံတဖြူကျေးရွာ၊ ကောင်းပတ်ယိုင်ကျေးရွာ၊ ကောင်းပုံကျေးရွာ၊ ဝမ်ဟွေကျေးရွာ၊ တွန်ဟိုင်းကျေးရွာနှင့် ဝမ်အဲန်ကျေးရွာစသည့် ကျေးရွာ (၈)ရွာအတွက် တစ်ရွာလျှင် ကျပ်သိန်း (၁၅၀ ) သိန်းနှုန်းဖြင့် ကျပ်သိန်း ( ၁၂၀၀ )ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)