မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြော

မိုးညှင်း ဩဂုတ် ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ အကြောင်းနှင့် ပတ်သက်၍ မိုးညှင်းမြို့တွင် ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ကလေးသူငယ် များအတွက် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိစေရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကလေးမိဘပြည်သူများက သိရှိလိုသည်များအား အသီးသီး ဆွေးနွေးမေးမြန်းကြရာ ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)