ဟုမ္မလင်း သြဂုတ်၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဟုမ္မလင်းငါးကန်အတွင်းသို့ ဒုတိယအကြိမ် (၂)လက်မအရွယ် ငါးသားပေါက်များ (၈၄၄၀၀)ကောင်ရေအား ငါးမွေးမြူ တောင်သူထံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊နံနက်(၁၀)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ကွန်းတောင်းကျေးရွာ အုပ်စု၊ အောင်သာငြိမ်းကျေးရွာငါးလုပ်ငန်းစခန်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးလုပ်းငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာစုမျိုးသွယ်က ဟုမ္မလင်းငါးသားပေါက်စခန်း တည်ဆောက်ရခြင်းရည်ရွယ်ချက်နှင့်ငါးသားပေါက်များ ပေးအပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်တောင်သူ(၃၅)ဦးတို့၏ မြေဧရိယာ(၄၀ဒသမ၆၇)ဧကအတွက် ထိုင်းငါးခုံမကြီး၊ (၃၄၄၀၀)ကောင်၊ ငါးမြစ်ချင်း(၅၀၀၀၀)ကောင်၊ စုစုပေါင်း(၂)လက်မအရွယ်ငါးသားပေါက်ကောင်ရေ(၈၄၄၀၀)ကောင်အား တာဝန်ရှိသူများက ငါးမွေးမြူရေးလုပ်ငန်းရှင်များထံသို့ ပေးအပ်ရာ အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာစုမျိုးသွယ်၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူးဗိုလ်မှူးချုပ်သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ငါမွေးမြူရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား(၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)