ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်၍ အသိပညာပေး နံရံကပ်စာစောင် ပြသ
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်တိုးတက်လာစေရန်၊ စာဖတ်ရှိန် မြှင့်မားလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။