ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက အ.ထ.က ကျိန္တလီကျောင်း ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။