လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

လယ်ဝေး သြဂုတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန(နေပြည်တော်တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူး ဦးနေလင်းဦးတို့က အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော် လူငယ်ရေးရာကော်မတီ အမျိုးသားကိုယ်စားလှယ်ဦးမောင်မျိုးက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ထို့နောက် ကျောင်းသားကျောင်းသူလေးများက Fitness Dance ဖြင့် သရုပ်ပြတင်ဆက်သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာသန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)