ဘီးလင်းမြို့နယ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေး ရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို မိဘအုပ်ထိန်းသူများအနေဖြင့်သိရှိနိုင်ပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ရှောင်ရှားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဩဂုတ် ၂၃ ရက်နေ့ မွန်းလွဲအချိန်က ရွှေဘုံသာရပ်ကွက် မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာနခန်းမတွင် တစ်လကြာဖွင့်လှစ်သည့် ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ရေတော် မိုးတော် ထွန်တုံးပိတ် စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ရေတော် မိုးတော် ထွန်တုံးပိတ်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ သနပ်ပြင်ကျေးရွာ၊ ကွင်းအမှတ် ၁၀၅၇-ခ၊ တောင်သူ ဦးချစ်ဟန်၏ လယ်ယာမြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် (၃)လပဲခေါ် ပင်ထောင် မိုးမြေပဲများ ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကောင်းရသဖြင့် တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးသည့် (၃)လပဲခေါ် ပင်ထောင်မိုးမြေပဲများ နှုတ်သိမ်းနေကြပြီး၊ အထွက်နှုန်း ကောင်းမွန်ကြ သော်လည်း မိုးလွတ်အောင် အချိန်လု၍ ဆောင်ရွက်ရသဖြင့် လုပ်သားခများ ဈေးကောင်းပေးခေါ်ယူနေကြသဖြင့် လက်စားခလိုက်သူများ အဆင်ပြေနေကြ သည့်နည်းတူ၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိသဖြင့် မြေပဲစိုက်တောင်သူများလည်း အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ကုန်းကြီးကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာအုပ်စုများရှိ တိရစ္ဆာန်များအား ယမန်နေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးခဲ့ကြသည်။

ကာလိမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ သာဝတ္ထိ၊ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်ခရိုင်၊ မက်မန်းမြိုနယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ယဉ်ကျေးလိမ္မာ၍ အသိပညာ၊ အတတ်ပညာများ ရရှိနိုင်ရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်နိုင်ရေးတို့အတွက် လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပ ခဲ့သည်။

အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ (Mini) (၆)လနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အသင်းသား (၂၂၀)ဦးခန့်တက်ရောက်ကြသည်။
Subscribe to