ပုသိမ် ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက သလပ်ခွာကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်နိုင်၊ အတွင်းရေးမှူးရဲမှူး ရဲရန်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းနှင့် ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တစ်ဧက(၁၀)တင်း အထွက်တိုးရေး၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့်ကိစ္စရပ်များ၊ မွေးမြူရေး ချေးငွေကိစ္စရပ်များ၊ စိုက်ဘဏ် ၂၅% ကြွေးပြန်လည်ပေးဆပ်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စများ၊ မွေးမြူရေးသမားများ ခြံလှောင်စနစ် မွေးမြူရေး၊ ချောင်းကောမြောင်းကောများ ပြန်လည်တူးဖော်ရေး၊ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေးဆောင်ရွက်ရေး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး၊ Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရေး၊ တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်မသုံးစွဲရေးတို့ကို ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများမှ လျှပ်စစ်နှင့်ပတ်သက်၍ မီးလင်းရေးကိစ္စ၊ နွေစပါးရေရရှိရေး၊ မြောင်းကောများ တူးဖော်ပေးရေးကိစ္စ၊ အန္တရာယ်ကျောင်းဆောင်ကိစ္စ၊ ကျေးရွာလမ်းပြုပြင်ပေးရန်နှင့် သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်(ပြန်/ဆက်)