ဗဟန်း ဩဂုတ် ၂၇
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စနေ့၊ တနင်္ဂနွေ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ အခြေခံတိုက်ကွမ်ဒိုသင်တန်းအမှတ်စဉ်(၂)( အခမဲ့ ) ကို ယနေ့၊ နံနက် ၈ နာရီ က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြဆရာ ဦးအောင်ကျော်ကျော် (တိုက်ကွမ်ဒိုမြန်မာလက်ရွေးစင်)မှ တိုက်ကွမ်ဒို အားကစားနည်း ပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများနှင့် သင်တန်းစည်းမျဥ်းစည်းကမ်းများကို ပြောကြားခဲ့ပြီး အခြေခံ အကြောလျှော့နည်းများ၊ လက်သီးထိုးနည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်းနှင့် ခြေကန်နည်းများအား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဩဂုတ်လ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ (စနေ့၊ တနင်္ဂနွေ တစ်ပတ်လျင်(၂)ရက် ) နံနက် ၈ နာရီမှ ၁၁ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး