မိုင်းလုံ ဩဂုတ် ၂၇
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်တွင် ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အထက်တန်းပြဆရာမ ဒေါ်ပြည့်ဖြိုးက မိုးရာသီဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ သိရှိ၍ ကာကွယ်နိုင်ရန် ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းပြောကြားပြီး ဟောပြောပွဲတွင် ရောဂါကူးစက်မှု အနေဖြင့် တုပ်ကွေးဖြစ်နေတဲ့လူတစ်ယောက် ချောင်းဆိုးလိုက် (သို့) နှာချေလိုက်တဲ့ အခါမှာ ထွက်လာတဲ့ သေးငယ်တဲ့ အညစ်အကြေးများ၊ အမှုန်အမွှားများ ကနေတစ်ဆင့် ဗိုင်းရပ်စ်ပိုးဟာ လေထုထဲကနေ တစ်ဦးမှတစ်ဦးဆီ အလွယ်တကူ ကူးစက်နိုင်ပါကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများအနေနဲ့ ရုတ်တရက်ဖျားခြင်း၊ ချောင်းဆိုးခြင်း (ချောင်းခြောက်ဆိုးခြင်း)၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အရိုးအဆစ်များနာကျင် ကိုက်ခဲခြင်း၊ မောပန်းလွယ်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း စတာတွေဖြစ်တက်သည့်အကြောင်း ဟောပြောခဲ့သည်။
ဟောပြောပွဲကို အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ဟောပြောခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများကို အခန်းအလိုက် အတန်းပိုင် ဆရာ၊ဆရာမများက ရှင်းလင်းဟောပြောမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)