ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆီထွက်သီးနှံနေကြာ၉၂၀ဧက လျာထားစိုက်ပျိုးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၉၂၀ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ နေကြာသီးနှံဧက ၄၉၅ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။