ပေါင် ဩဂုတ် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ အခမဲ့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက် သဒ္ဓမ္မပါလကျောင်း(ပန်းသီးကျောင်း)တွင် လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် အထွေထွေရောဂါကုသမားတော်၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး၊ မျက်စိရောဂါ အထူးကုဆရာဝန်ကြီး၊ အရိုးနှင့်အကြောအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်းနှင့်လည်ချောင်းရောဂါ အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းရောဂါ အထူးကုဆရာဝန်ကြီးများလာရောက်၍ အခမဲ့ကုသပေးလျက်ရှိရာ ဇင်းကျိုက်မြို့ပေါ်(၄)ရပ်ကွက်နှင့်အနီးရှိ ကျေးရွာများမှ ပြည်သူများစုစုပေါင်း (၂၆၈) ဦး လာရောက်ပြီး ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။ ၎င်းဆေးကုသပေးလျက်ရှိသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုးရဲမှူးသံမရောင်းနှင့် အဖွဲ့ဝင်များ၊ ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဦးအောင်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)