မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ် ရောင်းချ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့များအတွက် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် စံပြဈေးအတွင်း၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်အား ယနေ့ နံနက် (၈) အချိန်က ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားလူမျိုးတို့၏ဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာကို သိရှိစေရန်၊ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင်ဆင်နွှဲလာစေရန်ရည်ရွယ်၍ ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ကရင် ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်စူး)ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်း တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာဥပဒေ/နည်းဥပဒေများ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာဥပဒေ၊ နည်းဥပ​ဒေများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းပျဉ်းမြို့အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

လားရှိုးခရိုင်၊ အသေးစားလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းဖန်တီးရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ချောင်နမ်မျက်စိဆရာဝန်အသင်းမှ မျက်စိစမ်းသပ်ခြင်း/ မျက်မှန်များအခမဲ့လာရောက် ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက် ၉ နာရီအချိန်က ဇဗ္ဗူသီရိကျောင်းတိုက်မှ ဆရာလေးဒေါ်ဥဇ္ဇောတိနီမှဦးစီး၍ ကိုးရီးယားနိုင်ငံချောင်နမ်မျက်စိဆရာဝန်အသင်းနှင့်အတူ မျက်စိစမ်းသပ်စစ်ဆေး၍ မျက်မှန်များအခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ မေတ္တာထွန်းပြောင် လဝါခေါင်အသိပညာပေး TalkShow ဆောင်ရွက်

သရက်မြို့၌ မေတ္တာထွန်းပြောင် လဝါခေါင်အသိပညာပေး TalkShow ဆောင်ရွက် သရက် သြဂုတ် ၂၈ ဇော်ထက် (သရက်)

တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဆဌမအကြိမ်မြောက် ကျေးရွာပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါတပ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ကလိန်အောင်မြို့ အသက်(၁၈)နှစ်အောက်‌ ကျောင်းသားများအား ကျောင်းတွင်း အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်းအားကစားပြိုင်ပွဲကို အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး၍ စွမ်းရည် မြင့်မားတိုးတက်လာ‌စေရန်၊ မျိုးဆက်သစ် ကစားသမားပေါ်ထွန်းစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းတွင်း အသက်(၁၈)နှစ်အောက် အမျိုးသားဂိုလတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်း ကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
Subscribe to