သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယအကြိမ် အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယအကြိမ် အခွန်ဆိုင်ရာဥပဒေ ရှင်းလင်းပွဲကို ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်စေရေး စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၄)ရပ်ကွက်၊ အောင်သစ္စာလမ်း ရေမြောင်းပိတ်ဆို့နေမှုအား မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်၊ အဖွဲ့ဝန်ထမ်းများနှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် အကြိမ် (၅၀)မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကြီးတွင်အကြိမ် (၅၀) မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ဘားအံမြို့စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း(ဒုံရင်း)တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူလူငယ်များ အသက်မွေးဝမ်းကြောင်း ဘာသာရပ်များအပြင် ဘက်စုံဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံမြို့နယ်၊ အ-ထ-က-(ဒုံရင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၈၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

နတ်မောက်မြို့နယ်တွင် ပင်ထောင်မြေပဲများ စတင်နှုတ်သိမ်းလျက်ရှိ

နတ်မောက်မြို့နယ်တွင် ပင်ထောင်မြေပဲများ စတင်နှုတ်သိမ်းလျက်ရှိ နတ်မောက် ဩဂုတ် ၂၈ ဒေါ်မူမူစန်း၊ဒေါဖြိုးဖြိုး

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေမှတ် ဆက်လက်ကျဆင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ်အောက် ဆက်လက်ကျဆင်းနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ သိရသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကွင်းဆင်းကုသပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယမန် နေ့မွန်းလွဲ ၁ နာရီအချိန်က ဘူးရေမျက်ကျေးရွာအုပ်စု၊ ဘူးရေမျက် အ-လ-က(ခွဲ)တွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား(အခမဲ့) ဆေးကုသပေးခဲ့သည်။

မုံရွာမြို့၌ အဓိကသီးနှံ (၁၀) မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင် ဦးဆောင်သော မိတ်ဖက်ဌာန ဆိုင်ရာများ ပူးပေါင်းပြီး နိုင်ငံတော်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရည်မှန်းဆောင်ရွက်နေသော အဓိကအရေးကြီးသီးနှံ (၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းများကို သိရှိစေရန် ရည်ရွယ်ပြီး အဓိကသီးနှံ(၁၀)မျိုး၏ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် မိတ်ဖက်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ (၈)ရွာမှ စပါးစိုက်တောင်သူ(၈၇)ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်း(အလုံ)မှ လာရောက်လေ့လာသူ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ(၄၇)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၈ နာရီက မြန်မာတိုင်းရင်းတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ " အနာဂတ်ကိုမျှော်တွေးပါ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to