ပင်လောင်း ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးနှင့်ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်ဇင်မာလင်းက မိခင်များအာဟာရပြည့်ဝမှုရှိစေရေး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အိုင်အိုဒင်းပြည့်ဝမှုရှိစေရန်နှင့် အိုင်အိုဒင်းချို့တဲ့သည့် လက္ခဏာများအကြောင်းကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးနှင့်ဦးစီးဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ပြီး ကလေးသူငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)