အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမ်း    ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ ကောက်ယူမည့်လူ ဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်း Census Units ကွင်းဆင်း ဖွဲ့စည်းဆောင်ရွက်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမင်းဦး၊ ဦးခင်မောင်ဝင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူအင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွေအေးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး၊ မြို့ပေါ်ရပ်ကွက် (၄)ကွက်နှင့်တပ်တောင်မြို့မှ ရပ်ကွက် (၃) ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ တက်ရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာမှ ၂၀၂၄ ခုနှစ် အောက်တို ဘာလတွင်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတစ်ခုဖြစ်သော အကြိုပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ် Census Units ကွင်းဆင်းဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့်မြို့ပေါ်ရပ်ကွက် (၄)ကွက်နှင့်တပ်တောင်မြို့မှ ရပ်ကွက် (၃)ကွက်၌ ကောက်ကွက်များသတ်မှတ် ရေးကိစ္စရပ်များအားဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)