အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုသင်တန်းဖွင့်ပွဲ ကျင်းပ

လားရှိုး  ဩဂုတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ဟိုပိတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင်  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)