လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စာဖတ်ဝိုင်း ပြုလုပ်

လားရှိုး ဩဂုတ် ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က လားရှိုးမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ဦးဆန်းဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စာဖတ်ဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စာဖတ်ဝိုင်းကို ကျင်းပရာ မသင်းသိင်္ဂီကျော်က “ဘာရည်ရွယ်ချက်နဲ့ အင်တာနက်သုံးတာလဲ?”၊ မချစ်စနိုးထွန်းက “မှားလျှင်ပြင်ပါ”၊ မောင်ဟိန်းထက်အောင်က“ လူဖြစ်ရကျိုး နပ်အောင်နေ”၊ မောင်စိုင်းဆိုင်ငင်းက “ဘဝနှင့်ချစ်ခြင်းမေတ္တာ” ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ဆောင်းပါးများနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်လေးများ စာပေအသိပညာဗဟုသုတများ ရရှိစေရန် ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များအား စိတ်ဝင်တစား လေ့လာဖတ်ရှုကာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)