မောက်မယ်မြို့ဟိုနမ့်ဒေသတွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုပအိုဝ့်ဒေသရှိ  မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မြေပဲစိုက်တောင်သူများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကာ ယခုနှစ်တွင် မိုးကောင်း၍ ပို၍အောင်မြင်ဖြစ်ထွန်းကြောင်း ဟိုနမ့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဝါးခယ်မမြို့နယ်တွင် တိရစ္ဆာန်​ရောဂါကာကွယ်ထိန်းချုပ်​ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီး၊ ​မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်​ရောဂါ ကာကွယ်ထိန်းချုပ်​ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၅)အုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ လုပ်ငန်းမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁)၊ ဌာနခွဲစာရေး၊ အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ လုပ်ငန်းမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် အကြီးတန်းစာရေးနှင့် အငယ်တန်းစာရေးများ လုပ်ငန်းမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် (တတိယအကြိမ်) နေကြာစိုက်ပျိုးထုတ်လုပ်မည့် သမအသင်းများသို့ ပံ့ပိုးချေးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သမဝါယမဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ် (တတိယအကြိမ်) နေကြာစိုက်ပျိုး ထုတ်လုပ်မည့် သမအသင်းများသို့ ပံ့ပိုးချေးငွေများ ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်အဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ကျင်းပနိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ (၂၀/၂၁/၂၂) ရက်နေ့တွင် ပြိုင်ပွဲကျင်းပပြီး တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစိးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သရက်မြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာကာတွန်း၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ ကာတွန်းပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဆရာမိုးဒီ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင်ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

မင်းလှ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်၊ နိုင်ငံတစ်ကာ စာတတ်မြောက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ နိုင်ငံတကာစာတတ်မြောက်ရေး‌နေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီက မင်းလှ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to