မြဝတီမြို့တွင် ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများ  လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး (၁/၂၀၂၃) သင်တန်း ဖွင့်လှစ်

မြဝတီ  ဩဂုတ်  ၂၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ   ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရးမှုးများ   လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးစေရေးအတွက် ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနအစည်းအဝေး ခန်းမတွင်လုပ်ငန်း စွမ်းဆာင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၃)ကို ဖွင့်လှစ်ပေးကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နိုင်ငံတော်မှ  အသစ်ပြင်ဆင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်   ဦးတည်ချက်(၉)ရပ်တို့အား   အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ကြမည့် အုပ်ချုပ်ရေးမှူးများ သည်မိမိတို့၏ရပ်ကွက်/ကျေးရွာများတွင် ကိုယ်တိုင်ဆောင်ရွက်ရသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များ၊ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအား  သိရှိနားလည်ပြီး  အရည်အသွေး  ပြည့်ဝနေစေရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း    အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်  ပို့ချပေးမည့်  ဘာသာရပ်အပေါ်  အလေးထားသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားပေး သည်။

အဆိုပါသင်တန်းတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သက်ဆိုင်ရာဌာနအလိုက် တာဝန် ရှိသူ သင်တန်းနည်းပြ ၁၄ ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး  တို့အား ဩဂုတ်၂၈ ရက်မှ စက်တင်ဘာ ၁ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းတာဝန်ရှိသူထံမှ သိရသည်။

  ဇာဖြူဝင်း(ပြန်/ဆက်)