စစ်တွေမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပ ဆောင်ရွက်လျက်ရှိရာ ကာယဗလဖွံ့ဖြိုးရေးအတွက် စစ်တွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပကို ယမန်နေ့က စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။