ပန်းတောင်းမြို့နယ်၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချစ်ကိုကို၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးလင်းလင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးသင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၉)နာရီအချိန်က တောင်ဘို့ကြီးကျေးရွာအုပ်စု၊ ကျောင်းဦးကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာအုပ်စုနှင့် ရေကျော်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးနည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။