မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

အထက်မင်းလှ   ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရှိရာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၈) ကျောင်း၊ အ.လ.က(၃၅)ကျောင်း၊ အ.လ.က(ခွဲ)(၂၀)ကျောင်း၊ မူလွန်ကျောင်း(၃၂)ကျောင်း၊ အ.မ.က(၄၂) ကျောင်း၊ အ.မ.က(ခွဲ) (၃)ကျောင်း စုစုပေါင်း(၁၆၁)ကျောင်းရှိရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတွင် ဇွန်လ(၃)ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ‌ကျောင်းသူ(၁၉၅၅၈)ဦး ရာခိုင်နှုန်း(၈၃.၄၅)%ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။     

မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်ရောက်နေမှုနှင့် ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးကျော်သန်း၊ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဝင်ဦးစန်း‌အောင်၊ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဇံလှနှင့် မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာမကြီး ဒေါ်ခင်သန်းဌေးတို့အဖွဲ့က ကြည့်ရှုစစ်ဆေးပြီးလို အပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)