၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပြင်ဦးလွင်မြို့တွင် ကျောင်းသား/ကျောင်းသူပေါင်း ၅၇၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိ
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသည် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိပြီး ပြင်ဦးလွင်မြို့တွင် ကျောင်းသား/ကျောင်းသူပေါင်း ၅၇၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန ပြင်ဦးလွင်ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ရွှေစင်အိထံမှသိရသည်။