ပန်းတောင်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချစ်ကိုကို၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးလင်းလင်းထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးသင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၉)နာရီအချိန်က တောင်ဘို့ကြီးကျေးရွာအုပ်စု၊ ကျောင်းဦးကျေးရွာအုပ်စု၊ ညောင်ပင်ကျေးရွာအုပ်စုနှင့် ရေကျော်ကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးနည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် အထွက်နှုန်းတိုးတက်ကောင်းမွန်လာမည့် စိုက်ပျိုးမြေများဖြစ်ပေါ်လာစေရန် ကြဲခင်းစနစ် ပပျောက်ရေး၊ ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးရေး၊ ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးရေး၊ Dram Seeder ဖြင့် စိုက်ပျိုးရေးကိစ္စရပ်များအား စနစ်တကျ စိုက်ပျိုးသွားကြရန် သက်ဆိုင်ရာတောင်သူလယ်သမားများအား ကွင်းဆင်း၍တွေ့ဆုံးလမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)