မိတ္ထီလာမြို့၌ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်ပြီး တက္ကသိုလ်များ၌ ပညာသင်နှစ်ပညာသင်ကာလအလိုက်နှင့် အခြေခံပညာကျောင်းများတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာကြားလျက်ရှိကြောင်း သိရသည်။