မိုင်းပန် ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/ သူများ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/ သူများ စတင်ပညာသင်ကြားရာတွင် မြို့နယ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်များနှင့် ခဲတံများကို ကျောင်းသား/ သူများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း (ပြန်/ဆက်)
 
     
    