ပအိုဝ်းပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဟိုပုံးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား

ဟိုပုံး  ဇွန် ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံ့အဝှမ်း၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၃) ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၉)ကျောင်း၊ မူလတန်းကျောင်း(၁၁၃)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁၆)ကျောင်း၊  စုစုပေါင်း(၁၈၀)တို့မှ မူလတန်းအဆင့် ကျောင်းအပ်နှံသူ(၁၁၁၂၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းအပ်နှံသူ (၃၈၃၁)ဦး၊ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ(၁၀၆၃)ဦး၊ စုစုပေါင်းမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ကျောင်းအပ်နှံသူပေါင်း (၁၆၀၁၆)ဦး လာရောက်အပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)