လားရှိုးမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လားရှိုး ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာဖြင့် တက်ရောက်ကာ စာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းစတင်ဖွင့်လှစ်သည့်နေ့ရက်၌ မူလတန်းကျောင်း ၃၃၃၆၅ ဦး၊ အလယ်တန်းကျောင်း ၈၂၈၉ ဦး၊ အထက်တန်းကျောင်း ၃၆၃၀ ဦး စုစုပေါင်း ၄၅၂၈၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်းခွဲ ၃၇ ကျောင်း စုစုပေါင်း ၂၁၆ ကျောင်းရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)