နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် ပညာသင်နှစ်အလိုက် နှစ်ဝက်သင်တန်းများ စတင်ဖွင့်လှစ်

လွိုင်လင်  ဇွန် ၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့သည် တက္ကသိုလ်များစတင်ဖွင့်လှစ်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှူးများက ကျောင်းသား/သူများကို လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး ဒုတိယပါမောက္ခချုပ်များက သင်ကြားစီမံ ကိစ္စများကိုရှင်းလင်းပြောကြားရာ ကျောင်းသား/သူများမှ ပျော်ရွှင်စိတ်အေးချမ်းမြေ့စွာ မိမိတို့သက်ဆိုင်ရာဘာသာရပ်အလိုက် ပညာသင်ကြားနေကြသည်။ အလားတူ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင်လည်း နေ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်