ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/သူများနှင့်ဝန်ထမ်းများ၊ အခြေခံပညာအဆင့်သင်ကြားနေသော ဝန်ထမ်းများ၏သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်တွင် နေ့သင်တန်းအသီးသီးတို့၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများ ဇွန်လ ၃ ရက်တွင် စတင်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ဒီပလိုမာဘွဲ့၊ မဟာဘွဲ့သင်တန်းစသည့် သင်တန်းနှစ် အသီးသီးတို့၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ယနေ့နံနက်(၈)နာရီက ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ခဲ့ကြသည်။

အုတ်ဖိုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ တတ်ရောက်ပညာသင်ကြား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင်၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် (Kg)တန်းမှ Grade-12တန်းအထိ အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၈၉၃၃)ဦး အပ်နှံခဲ့ပြီးတတ်ရောက်ကာ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများ စတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကွန်ပျူုတာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက် သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန်လ၊ (၃) ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိသည်။
Subscribe to