ငါ့သရောက်မြို့ တွင် ဆီထွက်သီးနှံ အထူးဇုန်တောင်သူ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

မန္တလေးတိုင်း‌‌ဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင်  ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံများဖြစ်သော မြေပဲသီးနှံ နှမ်းသီးနှံများအား ဆီထွက်သီးနှံ အထူးဇုန်ဆွေးနွေးပွဲကို င့ါသရောက်မြို့  ကံသာယာကျေးရွာအုပ်စု ၊   ကံသာယာကျေးရွာတွင်   စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယခင်နှစ်များထက် ကျောင်းသား၊ ကျောင်းသူများ ပိုမိုများပြားလျက်ရှိပြီး  ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းအခြေ ခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက် ရှိသည်။

ကဝမြို့နယ်တွင် ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့ နံနက် ၈ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး၊ အာမခံလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းသန်လျင်၌ ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဒေသဖွံ့ဖြိုးရေး၊ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အခြေခံပညာကျောင်းများအသီးသီး၌ တက်ရောက်ပညာသင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်း ကျောင်း (၂) ကျောင်းတို့၌ ကျောင်းနေအရွယ်ကလေးများ ဇွန်လ ၃ ရက်နေ့မှစတင်၍ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပညာသင်နှစ်အလိုက် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများ စတင်ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကွန်ပျူတာသိပ္ပံ၊ ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများကို ယနေ့နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှား ရမ်းပေးကြသည်။

မိတ္ထီလာမြို့၌ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်ပြီး တက္ကသိုလ်များ၌ ပညာသင်နှစ်ပညာသင်ကာလအလိုက်နှင့် အခြေခံပညာကျောင်းများတွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာကြားလျက်ရှိကြောင်း သိရသည်။
Subscribe to