ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင် ဖွင့်လှစ်လျက်ရှိရာ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်သင်ယူလျက်ရှိသည်။

ချောက်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်လျက်ရှိသည်။

ဥတ္တရသီရိမြို့နယ်၌ အခြေခံပညာကျောင်း(၄၈)ကျောင်း စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ပညာသင်ယူလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ (၃) ရက်နေ့မှ စတင်ကာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူလျက်ရှိကြသည်။

နည်းပညာတက္ကသိုလ် (ဘားအံ) တွင် ပညာသင်နှစ်အလိုက် အင်ဂျင်နီယာဘွဲ့သင်တန်းများ စတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာဘွဲ့ (၆) နှစ်သင်တန်းများကို ယနေ့ နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့၊ မစောတံတားအား သံဘေလီတံတား တပ်ဆင်နေမှုပြီးစီး၍ ဘေလီတံတားပေါ်မှ ယာဉ်ကြီးများ ဖြတ်သန်းခွင့်ပြု

မွန်​ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာအနီးတွင် မေလ ၂၃ ရက်နေ့က KNU နှင့် အကြမ်းဖက် PDF အဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မစောတံတား၏ အကျယ် ၁၆ ပေ၊ အလျား ၅၀ ပေခန့်ရှိပျက်စီးသည့်အခြမ်းအား ယာယီသံဘေလီတံတားတပ်ဆင်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့ ညနေ ၆နာရီအချိန်မှစ၍ သံဘေလီတံတားပေါ်မှယာဉ်ကြီး၊ ယာဉ်ငယ်များကို ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကို ဇွန်လ (၃) ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/သူများနှင့်ဝန်ထမ်းများ၊ အခြေခံပညာအဆင့်သင်ကြားနေသော ဝန်ထမ်းများ၏သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to