နမ့်စန်(တ) ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အခြေခံပညာကျောင်း (၁၂၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း(၁၃၃)ကျောင်းရှိပြီး ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ လာရောက်အပ်နှံသော ကျောင်းသားကျောင်းသူ မူလတန်းအဆင့် (၁၃၂၃၉)ဦး၊ အလယ်တန်း အဆင့်(၃၁၂၇)ဦးနှင့် အထက်တန်းအဆင့်(၁၁၇၉)ဦး၊ စုစုပေါင်း (၁၇၅၄၅)ဦးရှိပြီဖြစ်ကြောင်းနှင့် ထပ်မံလာရောက်အပ်နှံလျက်ရှိကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် မြို့နယ်မှသက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)