ရှမ်းရွာသစ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းရွာသစ် ဇွန် ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး မြို့အတွင်းရှိ ကျောင်းများအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ အဖွဲ့အစည်းပေါင်းစုံဖြင့် ကျောင်းဝန်း အတွင်း၊ အပြင် သန်းရှင်းရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရှိကြောင်း၊ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများကလည်း ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှမ်းရွာသစ်မြို့တွင် အထက်တန်းကျောင်း (၁)ကျောင်း၊ အလက(ခွဲ)ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း (၆)ကျောင်း၊ မူလတန်းကျောင်းခွဲ (၁၂)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်နှံခြင်းကို သတ်မှတ်ထားသော်လည်း ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဇင်လေး(ပြန်/ဆက်)