တွံတေးမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တွံတေး ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်စစ်မှုထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းအဖွဲ့ ကြီးကြပ်ရေးအဖွဲ့(စည်ပင်ပြင်ပ)ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရန်နိုင်ဦး(ငြိမ်း)မှ သြဝါဒအမှာစကားပြောကြားပြီး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြို့နယ်အမှုဆောင်အဖွဲ့ လစ်လပ်နေရာမရှိ၍ ပြန်လည်ခန့်အပ်ခြင်းအား သဘောတူ၊ မတူမေးမြန်းခြင်း၊ ဖတ်ကြားတင်သွင်းထားသည့် အစီရင်ခံစာများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးစရာ ရှိ၊ မရှိ မေးမြန်းခြင်း မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အီးစီအဖွဲ့ဝင်များ၊ အရာရှိ၊ အရာခံ၊ တပ်သား (၇၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးသား