ရန်ကုန်တိုင်းဒေသကြီး အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ​ကောလိပ်၌ (၂၀၂၃-၂၀၂၄) ၊ (၂၀၂၄ - ၂၀၂၅) ၊ ပညာသင်နှစ် ​ပြန်လည်ဖွင့်လှစ်

ဗိုလ်တထောင် ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ​ကောလိပ် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်းများနှင့် (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ယန်မန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ  ​ကျောင်းသား/ကျောင်းသူများ  ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

အဆိုပါ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ​ကောလိပ်တွင် ၂၀၂၃ -၂၀၂၄ ၊ ၂၀၂၄ - ၂၀၂၅ ၊ ပညာသင်နှစ် ​ကျောင်းသား/ကျောင်းသူများ တက်ရောက်မှုမှာ ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူ (၄၄၆) ဦး၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ၂၄၃ ဦး ၊ တတိယနှစ် (ပထမနှစ်ဝက် - ၂၀၂၀ အောင်) ၁၀၂ ဦး၊ တတိယနှစ်( ဒုတိယနှစ်ဝက် ) ၅၅ဦး၊ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ၁၃၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၈၁) ဦး ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)