ကသာ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့မှစ၍ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ကသာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ KG မှ Grade-12 အထိ ကျောင်းသား/ကျောင်းသူ (၁၀၃၄၂)ဦး တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ အုပ်ထိန်းသူမိဘများဖြင့် သက်ဆိုင်ရာ ကျောင်းများတွင် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကသာခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကသာမြို့နယ်တွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၀၃၄၂)ဦး၊ အင်းတော်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူပေါင်း (၄၆၁၄)ဦးနှင့် ဗန်းမောက်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူပေါင်း (၄၀၂၃)ဦး စုစုပေါင်း (၁၈၉၇၉)ဦး တက်ရောက်နိုင်ရန် ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ခရိုင်ပညာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(ကသာ)