ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ

ပြည် ဇွန် ၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယနှစ်ဝက်)သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမနှစ်ဝက်)သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများကို ဘာသာရပ်အလိုက် ဆရာ/မများက သင်ကြား/သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း၊ အဆောင်နေကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းအဆောင်နေထိုင်နိုင်‌ရေး စီစဉ်ပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအားလုံး အခက်အခဲမရှိ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ယင်းတက္ကသိုလ်မှ  တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)