ဝါးခယ်မမြို့ ရွာလယ်ရပ်ကွက်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဝါးခယ်မမြို့ ရွာလယ်ရပ်ကွက် ဓမ္မဒါနဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ၎င်းရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်ရှိ အ‌‌ခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ အများပြည်သူများ အသွားအလာများသည့် လူစည်ကားရာနေရာများတွင် မြေစိုက်ပိုစတာ ဆိုင်းဘုတ်များစိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်လဝကဦးစီးရုံးမှ ဦးဆောင်၍ အများပြည်သူများ အသွားအလာများရာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်အောင်မြင်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမထောင့်ရှိ မြို့အဝင်မီးပွိုင့်အနီး၌ ယနေ့နံနက် ၀၉း၀၀ နာရီအချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက်“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့‌ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်လဝကဦးစီးမှူး ဦးဉာဏ်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်း (၂၅၉)ကျောင်း စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်(၉)အချိန်တွင် အခြေခံပညာကျောင်းများ စတင်သင်ကြားပေးလျက်ရှိရာ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၅၉)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအားလုံး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း ပုံမှန်ကျောင်းဖွင့်ချိန်မှစ၍ ဖွင့်လှစ်ပညာသင်ကြားလျက်ရှိသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ဇွန်လ ၃ ရက်နေ့မှစတင်၍ဖွင့်လှစ်ပြီဖြစ်ရာ မြို့နယ်မှတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောက်တလုံးကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီမှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to