နည်းပညာတက္ကသိုလ်(မအူပင်)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

မအူပင် ဇွန် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ နည်းပညာတက္ကသိုလ်(မအူပင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မအူပင်)တွင် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများကို ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၅၇၅)ဦး အေးချမ်းစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)