ရန်ကုန် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလှုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှုမှုဖူလှုံရေးအဖွဲ့နှင့် အကျူံးဝင်မှတ်ပုံတင်ထားသော Junction Square ကုန်တိုက်ရှိဝန်ထမ်းများမှ အာမခံအလုပ်သမားများအား ယမန်နေ့နံနက်ပိုင်းတွင် အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွေ့လျားဆေးကုသယာဥ်သည် မြို့နယ်တွင်း၌ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကိုလည်း အလုပ်ဌာနများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)