ရေတာရှည်မြို့နယ်၌ ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆို

ရေတာရှည် ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဗုဒ္ဓဝံသ ဝိသာရဒဘွဲ့ စတုတ္ထဆု၊ ပဉ္စမဆု၊ ဆဌမဆုတို့ ရရှိခဲ့ကြသည့် ဆုရှင်များအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က  မြို့တော်ခန်းမရှေ့တွင် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဆုရရှိခဲ့ကြသည့် ရေတာရှည်မြို့နယ် သာဂရမြို့ ရတနာပျိုးခင်းသင်တန်းကျောင်းမှ ဗုဒ္ဓဝံသ ဝိသာရဒဘွဲ့ စတုတ္ထဆုရရှိသည့် မအိမ့်ဖူးမောင်၊ ပဉ္စမဆုရရှိသည့် မောင်ကျော်သံလွင်ကိုနှင့် ဆဌမဆုရရှိသည့် မနှင်းသီရိဝေတို့အား ဌာနဆိုင်ရာများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်းကြိုဆိုဂုဏ်ပြုခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဒိုးပတ်အိုးစည်အဖွဲ့များက ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)